ကိုယ်ဝန်ဆောင်ကာလ ပါရာစီတီမော သောက်ပါက မွေးလာသော ကလေးတွင် autism(အော်တစ်စင်) ရောဂါပါလာနိုင်တယ်လို အမေရိကန်နိုင်ငံ အစိုးရ က ပြော

 


ကိုယ်ဝန်ဆောင်ကာလ Tylenol ခေါ်  ပါရာစီတီမော သောက်ပါက မွေးလာသော ကလေးတွင် autism ရောဂါ ပါလာနိုင်တယ် လို အမေရိကန်နိုင်ငံ အစိုးရ က ပြောပါတယ်။ 


ဒီနှစ်ပိုင်းတွေအတွင်း ကမ္ဘာမှာ Autism ကလေးတွေ ဘာလို သိပ်များလာတာလဲ လို အကြောင်းကို လိုက်ရှာတဲ့ အခါ ပါရာစီတမော့ ရဲ့ ဓါတုဓါတ် acetaminophen နဲ့  autism ရောဂါ ဆက်စပ်နေတယ် လို အမေရိကန်အစိုးရ က ပြောပါတယ်။ 


ရှေးတုန်းက autism ဆိုတာ ကလေး နှစ်သောင်းမှာ တယောက် ပဲ ဖြစ်တာ၊ အခု ကလေး ၃၂ ယောက်မှာ တယောက်အထိ တိုးလာတာ၊ ယောင်္ကျားလေးဆိုရင် ၁၂ ယောက် တယောက်အထိ တိုးလာတာ ဘာကြောင့်လဲ သိပ္ပံ နဲ့ ဆန်းစစ်ရာက Autism နဲ့ ပါရာစီတီမော ဆက်စပ်မှု ကို တွေ့ကြတယ် လို ဆိုပါတယ်။ 


သမ္မတ ထရန့်ကတော့ အကယ်၍ ကိုယ်ဝန်ဆောင်ချိန်ကာလ အဖျားကြီးနေလို မသုံးမဖြစ်ဆိုရင်တော့ Tylenol/ ပါရာစီတီမော ကို သုံးချင်သုံးပါတဲ့၊ တော်ရုံ အကိုက်အခဲ အတွက်ဆိုရင်တော့ Tylenol/ ပါရာစီတီမော မသောက်ကြပါနဲ့ Autism  နဲ့ ဆေး ဆက်စပ်မှုတွေတွေ့တယ် လို လူ ကိုယ်တိုင် ထွက်ပြောပါတယ်။ 


မွေးကင်းစ ကလေးတွေကိုလည်း ပါရာစီတီမောပါတဲ့ အဖျားကျဆေး လုံးဝ မတိုက်ပါနဲ့တဲ့၊ တခြားနည်း မရှိမှ တိုက်ပါတဲ့။ 


အနှစ်ချုပ်ကတော့- 


ကိုယ့်ရင်သွေး အော်တစ်ဇင်ရောဂါ Autism မဖြစ်စေချင်ရင်- 


၁။ ကိုယ်ဝန်ဆောင်ချိန် မိခင်များ ပါရာစီတီမော မသုံးရ။

၂။ ကလေးငယ် များ ပါရာစီတီမော မသုံးရ။ 

၃။ လူကြီးတွေသုံးပါက Autism အန္တရာယ် မရှိပါ။

Post a Comment

0 Comments